“INTERNATIONAL CLEAN JOKES နိုင်ငံတကာ သန့်ရှင်းသော ဟာသများ”
“ဟာသ” ဆိုသည်မှာ “ရယ်ဖွယ်ရာ” ဖြစ်ပါသည်။ ခံစားတတ်လျှင် အရာရာတိုင်းတွင် “ဟာသ” ရှိပါသည်။ “ဟာသ” ဟု ဆိုရာတွင် အရှေ့ဘက်မှ ဗန်းမော် ဆရာတော်၊ ဦးပုည၊ ဆရာ ဇ၀န တို့မှ အစ အနောက်ဘက် မှ ချာလီချက်ပလင်၊ မစ္စတာဘင်း၊ ဝေါဒစ္စနေး တို့အဆုံး အကုန်လုံး သွားကြည့် စေလိုပါသည်။ ထိုမှ လွန်သော် “ဟာသ” များ နှင့် ကမ္ဘာကြီးမှာ “နိုင်ငံတကာ ဟာသ” ခံစားမှူများမှသည် ကမ္ဘာကြီး၏ ပျော်ရွှင်ခြင်း အထိ သွားကြည့် စေလိုပါသည်။ “ဟာသများ”တွင် “ဘ၀များ” ပါဝင်နေသောကြောင့် ဖြစ်ပါသည်။
1. “My math teacher doesn’t make sense”, said Janet.
“Why do you think that?” asked Shayna.
“Yesterday she taught us that 9 plus 1 equals 10. Today she claims 7 plus 3 equals 10.”
၁။ “ငါတို့ သင်္ချာဆရာမ ပြောတာ ရှေ့နောက်မညီဘူး” ဂျက်နက် က ပြောသည်။
ဘာကြောင့် မင်းက အဲဒီလို ပြောတာလဲ” ရှေနာ က မေးသည်။
“မနေ့က သူသင်တော့ ၉ နဲ့ ၁ ပေါင်းတာ ၁၀ ရ တယ်တဲ့၊ ဒီနေ့ကျတော့ ၇ နဲ့ ၃ ပေါင်းတာ တစ်ဆယ် ရတယ်တဲ့လေ”
2. Techer: “Richel, if I offered you a choice between a basket with 36 bananas and a basket with 63 bananas, which would you choose?”
Richie: “The basket with 36 bananas.”
Teacher: “Now Richie, surely you know 63 is more than 36.”
Richie: “Yes, ma’am. That’s why I’d pick thee first basket. I can’t stand bananas.”
၂။ ဆရာမ။ ။ “ဆရာမ က မင်း ကို ငှက်ပျောသီး ၃၆လုံးပါတဲ့ခြင်း နဲ့ ငှက်ပျောသီး ၆၃လုံးပါတဲ့ခြင်း ကို ရွေးခိုင်းရင် မင်း ဘာကိုရွေးမလဲ”
ရစ်ချီ ။ ။ “ငှက်ပျောသီး၃၆လုံးပါတဲ့ခြင်း ပါဆရာမ”
ဆရာမ။ ။ “ကိုင်း၊ ရစ်ချီရေ၊ တကယ်တော့ ၆၃ ဟာ ၃၆ ထက် ပိုများတယ် ဆိုတာ မင်း သေချာ သိလား”
ရစ်ချီ ။ ။ “သိပါတယ် ဆရာမ။ အဒါကြောင့် ပထမခြင်း ကို ရွေးတာပေါ့။ ကျွန်တော်မှ ငှက်ပျောသီး မကြိုက်တာ”
3. What kind of infants prefers goat milk?
Infant goats!
၃။ ဘယ်ကလေးတွေ ဆိတ်နို့ ကြိုက်လဲ?
ဆိတ်ကလေးတွေပါ။
4. What do you call mouse shoes?
Squeakers (punning Sneakers).
၎။ ကြွက်တစ်ကောင်ရဲ့ ရှူးဖိနပ်ကို ဘယ်လိုခေါ်လဲ?
ကျွိ ကျွိ ကျွိ (Squeakers ကို Sneakers နဲ့ အသံတူချင်း စကာလုံးကစားထား).
5. What animal looks like an aardvark?
Another aardvark.
၅။ “၀က်တစ်ကောင် နဲ့ အရမ်း တူတာ ဘာကောင်လဲ”
“နောက်ထပ် ၀က်တစ်ကောင်ပါ”
6. “If you have 10 pieces of bubble gum and you give away 4, what do you have then? The teacher asked.
I have 6 pieces of gum and 4 new friends!” the student figures.
၆။ “မင်းမှာ ပီကယ် ၁၀ခု ရှိတယ်ဆိုကြပါစို့၊ ၄ခုကို သူများကို ပေးရင် မင်းမှာ ဘယ်နှစ်ခု ကျန်လဲ” ဆရာမက မေးလိုက်သည်။
“ပီကယ် ၆ခု ကျန်ပြီး သူငယ်ချင်း အသစ် ၄ ယောက်ရပါတယ်”။ ကျောင်းသားလေးက တွက်ပြသည်။
7. Where do bears like to stay when they go on vacation?
At cave-inns.
၇။ “၀က်ဝံလေးတွေ ပျော်ပွဲစားထွက်ရင် ဘယ်မှာ နေချင်မလဲ”
“ဂူမှာပါ”
8. Science Teacher: “Who discovered oxygen?”
Student: “Adam”
၈။ သိပ္ပံဆရာမ။ ။ “အောက်ဆီဂျင်ကို ဘယ်သူ ရှာဖွေတွေ့ရှိခဲ သလဲ”
ကျောင်းသား။ ။ “အာဒမ်ပါ” (အာဒမ်သာ အောက်ဆီဂျင် ကို မရှာဖွေ မတွေ့ရှိ ခဲ့ ဘူးဆိုရင် ဘယ်လို အသက်ဆက်ရှင် မလဲ)
9. What disease do chickens dread the worst?
Peoplepox.
၉။ “ကြက်တွေဟာ ဘယ်ရောဂါကို အကြောက်ဆုံးလဲ”
“ကာလသား ရောဂါ”
11. What disease do chickens and birds dread the worst?
Bird-flu.
၁၀။ “ကြက်တွေ၊ ငှက်တွေဟာ ဘယ်ရောဂါကို အကြောက်ဆုံးလဲ”
“ကြက်ငှက်တုပ်ကွေးရောဂါ”
11. “Did you hear about the spider that enrolled in computer courses?”
“Yeah. It wanted to learn to design Web pages.”
၁၁။ “ပင့်ကူ တစ်ကောင်ဟာ ကွန်ပျူတာ သင်တန်းတွေမှာ စာရင်းလာသွင်းသွားတာ ကြားပြီးပြီလား”
“အေး၊ သူလည်း ကွန်ပျူတာ ကွန်ယက်စာမျက်နှာ (WEB PAGE) ဒီဇိုင်းဆွဲချင်ခဲ့လို့နေမှာ”
(ပင့်ကူအိမ် [WEB] နှင့် ကွန်ယက်စာမျက်နှာ [WEB PAGE] ကို ဟာသလုပ်)
12. How do computer spiders catch computer bugs?
They trap them on World Wide Web.
၁၂။ “ကွန်ပျူတာပင့်ကူတွေ ဟာ ကွန်ပျူတာဗိုင်းရပ် (VIRUS) ပိုးကောင် ကို (ဘယ်လို၊ ဘယ်မှာ) ထောင်ဖမ်းမလဲ”
“ကမ္ဘာလုံးဆိုင်ရာဖြန့်ကျက်ကွန်ယက် (WORLD WIDE WEB) မှာ ထောင်ဖမ်းမှာပေါ့”
13. How can you guarantee milk won’t go sour?
Don’t milk the cow.
၁၃။ “နို့ကို မချဉ်အောင် ဘယ်လို အာမခံ နိုင်မလဲ”
“နွားဆီက မညှစ်နဲ့လေ”
14. “If a cow’s head is pointed west, in which direction is its tail pointed?” Wade asked.
“East,” said Wyatt.
“No,” said Wade. “It’s pointed down.”
၁၄။ “နွားရဲ့ခေါင်း ဟာ အနောက်ဘက်ကို ညွှန်နေရင် သူ့အမြီးဟာ ဘယ်ဘက်ညွှန်နေမလဲ” ၀ိက်ကမေးတယ်။
“အရှေ့ဘက်” ၀က်ကဖြေတယ်။
“ဘယ်ကလာ၊ အဒီအမြီးက အောက်ဘက်ကိုပဲ ညွှန်ပြနေမှာပေါ့” ၀ိက်က ပြောတယ်။
15. zoo: a jail for animals.
၁၅။ တိရိစ္ဆာန်ရံ။ ။ “တိရိစ္ဆာန် အကျဉ်းထောင်ပဲ”
16. medieval: the period in history when everybody was half bad.
၁၆။ အလယ်ခေတ်။ ။ “အဆိုးတစ်ဝက် ဖြစ်နေတဲ့ လူတွေရဲ့ ခေတ်သမိုင်း”။
17. Friend: someone who knows everything about you but like you anyway.
၁၇။ သူငယ်ချင်း။ ။ မင်းအကြောင်းတွေ အကုန်သိနေပေမယ့် မင်းကို ဘယ်လိုပဲဖြစ်ဖြစ် ခင်နေမယ့်သူ။
18. What’s the most famous fish in the world?
The starfish.
၁၈။ “ကမ္ဘာပေါ်မှာ နာမည်အကျော်ဆုံးငါးက ဘာငါးလဲ?”
“(Starfish) ကြယ်ငါး [နာမည်ကျော် Star ကိုဟာသလုပ်]
19. The question on the biology test asked: “Name three kinds of frogs.”
The student wrote: “daddy frog, mama frog, baby frog.”
၁၉။ ဇီဝဗေဒ ဘာသာရပ်မှာ မေးထားပုံက “ဖားသုံးမျိုး ၏ အမည်ကို ဖော်ပြပါ”။
ကျောင်းသားလေးတွေက ဖြေရှာပါတယ် “ဖားဖေဖေ၊ ဖားမေမေ၊ ဖားကလေး” တဲ့လေ။
20. Two fathers were discussing their children, who were in college.
“My daughter will graduate next May,” said one proudly. Then she plans to start work as an engineer.”
“I’m not sure when my son will graduate,” said the other dejectedly.
“Well, what do expect what he’ll be when he does graduate?”
“I expect he’ll be a senior citizen”
၂၀။ ဖခင်နှစ်ယောက်ဟာ ကောလိပ်ရောက်နေတဲ့ သူတို့သားသမ္မီးတွေအကြောင်း ဆွေးနွေးနေကြတယ်။
“ငါ့သမ္မီးကတော့ နောက်မေလလောက်ဆို ဘွဲ့ယူတော့မှာကွ။ ပြီးတော့ အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ အလုပ် စလုပ်တော့မှာကွ”
တစ်ယေက်က ဂုဏ်ယူစွာဖြင့် ပြောသည်။
“ငါ့သားကတော့ ဘယ်တော့ ဘွဲ့ ရမလဲ ငါသေချာ မသိသေးဘူးကွ”။
နောက်တစ်ယောက်က စိတ်ပျက်စွာဖြင့် ပြောသည်။
“အင်း၊ အဲဒါဆို ဘွဲ့ရ ပြီးရင် ဘာဖြစ်မလဲကွ”
“၀ါရင့်လာမယ် ထင်တယ်ကွ”
21. “Oh, dear,” grandmother said as she drove her grandchildren to school. “I just realized I’ve been speeding for the last several miles:
“Don’t worry,” piped up Al in the back seat. “The patrol car with the flashing lights behind you is doing the same speed, so it must be all right.”
၂၁။ “အို၊ အလိုလေး”
အဘွားက မြေးလေးကို ကျောင်းလိုက်ပို့ရင်း ပြောလိုက်တယ်။ “ငါအရှိန်မြင့်ပြီး မောင်းလာမိတာ ခုမှပဲ သတိပြုမိတော့တယ်”
“မပူပါနဲ့၊ သားတို့နောက်က မီးဖွင့်ပြီး လိုက်လာတဲ့ ပတ္တရောင် ရဲကားကလည်း ဒီလို အရှိန်မြင့်နဲ့ပဲ မောင်းပြီးလိုက်လာတော့ အဆင်ပြေပါတယ်” ကားနောက်ဘက်ထိုင်ခုံမှ အယ်လေးက ဆတ်ခနဲ ပြောလိုက်တယ်။
22. Where have English kings and queens always been crowned?
On the head.
၂၂။ ဘယ်နေရာမှာ အင်္ဂလိပ် ဘုရင်တွေ၊ ဘုရင်မတွေဟာ သရဖူ ဆောင်း ခံရလဲ???
“ခေါင်းမှာပါ”
23. Which side of a house usually has the most hair?
The outside.
၂၃။ “မြင်းတစ်ကောင်ရဲ့ဘယ်အပိုင်းမှာ အမွှေး အများဆုံး ရှိသလဲ???”
အပြင်ပိုင်းမှာပါ။
24. “I can’t predict the future” Carry said.
“Yes, but tell me what would be the day after today” Barry said.
“Tomorrow.”
၂၄။ “အနာဂတ်ကို ငါ မခန့်မှန်းနိုင်ဘူး” ကာရီကပြောသည်။
“ဒါတော့ ဒါပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ပြီးရင် ဘာဖြစ်မယ်ဆိုတာကိုတော့ ပြောပြပါ” ဘာရီကပြောသည်။
“မနက်ဖြန်”
25. Kristin pulled and pulled, but couldn’t get the library door open.
“What’s the matter?” asked a woman, approaching.
“This door must be stuck,” Kristin said. “I can’t pull it open.”
“Can you read?” asked the woman.
“Of course I can read!” snapped Kristin.
“Then tell me what this says”. The woman pointed to a word printed above the door handle. It was spelled: PUSH.
၂၅။ ခရစ်စတင်းတစ်ယောက် တံခါးကို ဆက်ခါ ဆက်ခါ ဆွဲပါသော်ငြား စာကြည့်တိုက် တံခါးဟာ ပွင့်မလာပါဘူး။
“ဘာဖြစ်နေတာလဲ” အမျိုးသမ္မီးကြီးတစ်ယောက် အနားလာပြီး မေးသည်။
“တံခါးက ကျပ်ညက်နေတာပဲ” ခရစ်စတင်း က ပြောသည်။ “ကျွန်မ ဆွဲဖွင့်လို့ မရဘူး”
“ရှင်စာဖတ်တတ်လား” အမျိုးသမ္မီးကြီးက မေးလိုက်သည်။
“ဒါပေါ့၊ ကျွန်မ ဖတ်တတ်တာပေါ့” ခရစ်စတင်း က ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ဒါဆို အဲဒါ ဘာရေးထားတာလဲ ကျွန်မကို ပြောပြပါ”
တံခါးလက်ကိုင်အပေါ်မှာ ရေးထားသော စကားလုံးကို အမျိုးသမ္မီးကြီးက ညွှန်ပြလိုက်သည်။ အဲဒီမှာ ရေးထားတာ “တွန်းပါ”။
26. A woman stopped her car beside a child who was walking home from school. “I’m new in the neighborhood,” the woman explained.
“How do you get to the post office from here?
“I ride my bicycle,” answered the child.
၂၆။ ကျောင်းမှအိမ်သို့ လမ်းလျှောက်လာသော ကလေးတစ်ယောက် ဘေးတွင် မိန်းမကြီးတစ်ဦးက သူမကားကို ရပ်လိုက်သည်။
အန်တီက ဒီဝန်းကျင်မှာ လူသစ်ပါ။ မိန်းမကြီး က ရှင်းပြသည်။
“သားဆို ဒီကနေ စာတိုက်ကို ဘယ်လို သွားမလဲ”
“စက်ဘီးစီသွားမှာပေါ့” ကောင်လေးက ပြန်ဖြေသည်။
27. “Western Canada is fascinating place,” said the teacher. “Did you know that some of the rocks you find there were deposited by glaciers?
“But I don’t see any glaciers in these pictures,” said one student.
“They’ve gone to get more rocks,” said a classmate slyly.
၂၇။ “(Western Canada) ၀က်စတန် ကနေဒါဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုပဲ” ဆရာမက ပြောသည်။
“မင်းတို့ အဲဒီမှာ တွေ့နေရတဲ့ ကျောက်တွေဟာ ရေခဲမြစ်တွေ အရည်ပျော်ရာက ဖြစ်လာတာပဲ”
“ဒါပေမယ့် ဒီပန်းချီကားမှာ ဘာ ရေခဲမြစ်မှလည်း မတွေ့ပါလား” ကျောင်းသားတစ်ယောက် က ပြောသည်။
“အဒီ ရေခဲမြစ်တွေ ကျောက်တွေ ပို ဖြစ်သွားလို့ နေမှာပေါ့” နောက်တစ်ယောက်က ဟာသ ပြောလိုက်သည်။
28. How long should a person’s legs be?
Long enough to reach the ground.
၂၈။ “လူတစ်ယောက်ရဲ့ ခြေထောက်ဟာ ဘယ်လောက်ထိ ခြေသင့်သလဲ”
“မြေကြီးနဲ့ ထိနိုင်တဲ့ အထိ”
29. “How long should the sky high?”
“High enough for birds not to hit with their heads.”
၂၉။ “ကောင်းကင်ကြီး ဘယ်လောက်မြင့်”
“ငှက်တွေ သူတို့ ခေါင်းနဲ့ ဆောင့်မိမှာ ပူဆရာ မလို လောက်အောင်မြင့်”
30. What is it that you can touch with your left foot but not your right foot?
Your right knee.
၃၀။ “မင်းရဲ့ ဘယ်ခြေထောက် နဲ့ပဲ ထိလို့ရပြီး ညာခြေထောက်နဲ့ ထိလို့ မရတာ ဘာလဲ”
“မင်းရဲ့ ညာဘက် ဒူခေါင်း”
31. “Which things suppose & oppose each other?”
“Magnets.”
၃၁။ “ဘယ်အရာ တွေဟာ တစ်ခုကိုတစ်ခု အမြဲ ဆွဲငင်နေပြီး အမြဲဆန်ကျင်နေလဲ”
“သံလိုက်တွေ”
32. What are telephone calls in Persia?
Persian-to-Persian calls.
၃၂။ “ပါရှား နိုင်ငံက တယ်လီဖုန်းတွေဟာ ဘယ်ကို ဖုန်းခေါ်နေကြလဲ”
“ပါရှန်နိုင်ငံသားတစ်ဦးမှ နောက်တစ်ဦးဆီ”
33. “Who always jump down time and again even though they are put at high?”
“Divers”
၃၃။ “ဘယ်သူတွေဟာ အမြင့်ကို တင်ပေးတာတောင်မှ ပြန်ပြန်ခုန်ချလဲ”
“ဒိုင်ဗင်သမားတွေ”
34. “Who create the terrible events?”
“Ghost-story-writer”
၃၄။ “ကြောက်စရာ အဖြစ်အပျက်တွေကို ဘယ်သူ ဖန်တီးလဲ”
“သူရဲ ပုံပြင်တွေ အကြောင်း ရေးသူတွေ”
35. “Vocabulary test tomorrow, rain or shine,” reminded the teacher as the class was dismissed.
“What if it snows?” asked Will, hopefully.
၃၅။ “မိုးပဲရွာရွာ၊ နေပဲပူပူ၊ မနက်ဖြန် ခက်ဆစ် စာမေးပွဲ စစ်မယ်” ကျောင်းလွှတ်ချိန်မှာ ဆရာမက သတိပေးလိုက်တယ်။
ဝေက မျှော်လင့်ချက်နဲ့ ပြန်မေးလိုက်တယ်။ “နှင်းကျရင်ရော ဆရာမ”
36. Teacher: “Resa, name five animals you might find in Africa.”
Resa: “A lion, an elephant… and three zebras.
၃၆။ ဆရာမ။ ။ “ရီဆာရေ၊ အာဖရိက မှာ တွေ့နိုင်တဲ့ တိရိစ္ဆာန် ငါးကောင်ကို ပြောပါ”
ရီဆာ ။ ။ “ခြင်္သေ့တစ်ကောင်၊ ဆင်တစ်ကောင်… နဲ့… အင်း… မြင်းကျား သုံးကောင်”
37. Gayle, your handwriting is terrible,” her father said.
“Yes, I know. I scribble deliberately.”
“Why don’t you want to write clearly?”
“That’s way, it’s harder for the teacher to catch all my misspellings.”
၃၇။ “ဂေလီရေ၊ သမ္မီးလက်ရေးတွေ အရမ်းဆိုးတယ်ကွာ” သူမ အဖေက ပြောသည်။
“သမ္မီး သိသားပဲ၊ တမင်သက်သက် ဆိုးအောင် ရေးထားတာ”
“သမ္မီးက ဘာလို့ ရှင်းရှင်း မရေးရ တာလဲ။”
“ဒါမှ ဆရာမ သမ္မီး စာလုံးပေါင်း သတ်ပုံ အမှား တွေကို မဖမ်း နိုင်တော့ ဘူးပေါ့။
38. “I have good news and bad news,” said the teacher. “The good news is that we’re having only half a day of school this morning.”
The class went wild with joy until the teacher quieted them.
“The bad news,” he said is that we’ll have the other half this afternoon.”
၃၈။ “ဆရာမှာ သတင်းကောင်းနဲ့ သတင်ဆိုးရှိတယ်” ဆရာက ပြောသည်။
“သတင်းကောင်းကတော့ တို့ကျောင်းရဲ့ ဒီမနက် အချိန် တစ်ဝက် လျော့ချ လိုက်ပြီ”။
အတန်းတစ်ခုလုံး အရမ်းပျော်သွားလေရဲ့။ ဆရာက သူတို့ကို ငြိမ်သက်သွားအောင် မလုပ်ခင်အထိပေါ့။
“သတင်းဆိုးကတော့ ဒီနေ့လည် အချိန်တစ်ဝက် တိုးလိုက်ပြီ။
39. “Where do we get pineapples?” asked the teacher.
“From the pine trees,” guessed the student.
၃၉။ “တို့ရဲ့ နာနက်သီးတွေ ဘယ်ကရလဲ” ဆရာမကမေးကြည့်တော့
“နာနက်ပင်တွေကပါ၊ ဆရာမ”။ ကျောင်းသားက ခန့်မှန်းပြတာပေါ့။
40. “What is a synonym?” the English teacher asked.
“It’s one of the words I use when I can’t spell the main word,” the honest student replied.
၄၀။ “အဓိပ္ပယ်တူ စကားလုံး (Synonym- ကြောင်းတူ-အနက်တူ-သံကွဲစကားလုံး ဆိုတာဘာလဲ” ဆရာမကမေးသည်။
“အဲဒါက အဓိက စကားလုံးကို ကျွန်တော် စာလုံး မပေါင်းတတ်ရင် သုံးတဲ့စကားလုံးပါ”။ ရိုးသာသော ကျောင်းသားက ဖြေသည်။
41. Teacher: “What’s the difference between elephants in Africa and elephants in India?”
Vinnie: “A couple thousand miles.”
၄၁။ ဆရာမ။ ။ အာဖရိက မှာ ရှိတဲ့ ဆင်တွေနဲ့ အာရှ မှာ ရှိတဲ့ ဆင်တွေရဲ့ ခြားနားချက်က ဘာလဲ”
ဗင်နီ ။ ။ မိုင်ထောင်ပေါင်းများစွာပါ”
42. Mother was reading in the den when Beth came to the door. “Mom, do you think you can sign your name in the dark?”
“I have never tried, dear, but I probably could.”
“Good!” said Beth, switching off the light. “I need for you to sign my report card.”
၄၂။ ဘက်တံခါးဆီ လျှောက်လာတော့ သူ့မေမေက သူ့ကိုယ်ပိုင် အခန်းလေးမှာ စာဖတ်နေလေရဲ့။
“မေမေရေ၊ မေမေ အမှောင်ထဲမှာ အမေ့ နာမည်ကို လက်မှက်ထိုးတတ်လား”
“တစ်ခါမှတော့ မစမ်းကြည့်ဖူးဘူး၊ အမေ့ချစ်တုံးလေးရယ်၊ အမေ လုပ်ကောင်းလုပ်နိုင် မှာပါ”
“ကောင်းလိုက်တာ”။ ဘက်က မီးပိတ်ရင်း ပြောလိုက်တယ်။
“သားရဲ့ အမှတ်စာရင်းမှာ အမေလက်မှက်ထိုးဖို့လိုလို့ပါ။
43. What can you destroy simply by saying its name out loud?
Silence.
၄၃။ “မင်းက အဲဒီ စကား ကို အော်ပြောမိလိုက်လို့ အဲဒီ စကား အဓိပ္ပါယ် လုံးဝ ပျက်စီးသွားနိုင်တာ ဘာစကားလဲ”
“တိတ်တိတ်”
44. “How can you answer all questions to be true?”
“I don’t know”
၄၄။ “မေးခွန်း အားလုံးကို မှန်အောင် ဘယ်လိုဖြေမလဲ”
“မသိဘူး”
45. “Do you think we should buy a horse or a cow with our harvest money this autumn?” a farmer asked his wife.
“Well, thee neighbors sure laugh at you if they saw you trying to milk a horse.”
“That’s true. Of course, they’d laugh at me if they saw me trying to ride a cow, too.”
၄၅။ “ဒီဆောင်ဦးမှာ တို့တောင်ယာငွေနဲ့ မြင်းဝယ်သင့်တယ်လို့ ထင်လား၊ နွားဝယ်သင့်တယ်လို့ ထင်လား”
လယ်သမားကြီးက ဇနီးဖြစ်သူကို မေးလိုက်သည်။
“အင်း၊ ရှင် မြင်း ကို နို့ညှစ်နေတာမြင်ရင် အိမ်နီးနာချင်းတွေက ရယ်ကြမှာ သေချာတယ်”
“မှန်လိုက်လေ၊ ငါနွားစီးနေတာမြင်ရင်လည်း သူတိုက ရယ်ကြလိမ့်မယ်”
46။ “You must share your cookies with your little brother,” mother scolded Suella.
“Why, even chickens and sparrows know the importance of sharing food.”
“If we were talking about worms,” Suella said, “There would be no problem!”
၄၆။ “နင့်မောင်လေး ကို နင့် ကွက်ကီးလေလးတွေ ဝေမျှပေးမှပေါ့” အမေက ဆယ်လာကို ဆူပါလေရော။
“ဒီမယ်၊ ကြွက်တွေ၊ စာကလေး ငှက်တွေတောင်မှ အစာ ဝေမျှ စားသုံးခြင်းရဲ့ အရေးပါမူကို သိတယ်။
ဆူလာ က ပြောရှာပါတယ်။ “တိရိစ္ဆာန်တွေ ကို ပြောတာဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့”
47. Teacher: “Who was the first person to circle the earth in space?
Student: “The man in the moon.”
၄၇။ ဆရာမ။ ။“အာကာသ မှာ ကမ္ဘာကို ပထမဆုံး ပတ်တာ ဘယ်သူလဲ”
ကျောင်းသား။ ။ လပေါ်က အဖိုးအိုပါ။
48. What goes up when you count down?
A rocket.
၄၈. “ခင်ဗျား နှိပ်လိုက်ရင် ထောင် တတ်သွားတာ ဘာလဲ”
“ဒုံးပျံ”
49. What two word contain more than a thousand letters?
Post office.
၄၉။ “ဘယ်စကားလုံး နှစ်လုံးမှာ စာတွေ ထောင်ပေါင်း များစွာ ပါလဲ”
“စာတိုက်”
50. “I understand your bull wins first prize at the state fair each year,” a stranger said to farmer Jackson.
“That’s right,” said the farmer.
What do you figure that bull’s worth?”
“Depends.”
“What do you mean?”
“Depends on whether you wanna buy him or tax me for him.”
၅၀။ “ဦးလေး နွားက နိုင်ငံတော် ပွဲမှာ နှစ်တိုင်း ပထမဆု ရတာ ကျွန်တော် သိပါတယ်”။
“ဒါပေါ့ကွ”။ လယ်သမားကြီး က ပြောတယ်။
“ဒီနွား ဘယ်လောက် တန်တယ်လို့ မှန်းလဲဗျ”။
“အခြေအနေ အရ ပဲလေ”။
“ဘာကို ဆိုလို တာလဲဗျ”
“ဒီနွား ကို မင်း က ၀ယ်မလား၊ အခွန်ကောက် မလား ဆိုတဲ့ အခြေအနေ ပေါ်မှာ မူတည်ပါတယ်”။
စာညွန်း။ ။ YOUNG CHRISTIAN LIBRARY READER’S http://www.barbourbooks.com
အကယ်၍ လူများသာ “ဟာသ” ဆိုသော စကားလုံး နှစ်လုံးကို တကယ် နားလည် ခံစား နိုင်လျှင် ကမ္ဘာကြီး ၏ ၀န်တွေ လျော့ကျ သွားလိမ့်မည်။
သဗ္ဗေသတ္တာ ပျော်ရွှင်ပါစေ။